[Gálá~xý Bú~ds2 ကို စနစ်တကျ အသုံးပြုနည်း]

[နောက်ဆုံး ပြုပြင်သည့်ရက်စွဲ : 06.09.2021]

[Gálá~xý Bú~ds2 သည် အားကစားလုပ်ခြင်း (သို့) တခြားသော ác~tíví~tý များပြုလုပ်နေချိန်အတွင်း သီချင်းနားထောင်ခြင်း ဖုန်းဖြေခြင်းတို့ကို မိမိဖုန်းဖြင့်ချိတ်ဆက်ကာ လုပ်ဆောင်နိုင်သည့် ကြိုးမဲ့နားကြပ်ဖြစ်သည်။ သင်၏ Gá~láxý~ Búds~2 အသစ်ကို စနစ်တကျ အသုံးပြုရန် အောက်ပါ အကြံပြုချက်အတိုင်း လိုက်နာပါ။Gálá~xý Bú~ds2 သည် အားကစားလုပ်ခြင်း (သို့) တခြားသော ác~tíví~tý များပြုလုပ်နေချိန်အတွင်း သီချင်းနားထောင်ခြင်း ဖုန်းဖြေခြင်းတို့ကို မိမိဖုန်းဖြင့်ချိတ်ဆက်ကာ လုပ်ဆောင်နိုင်သည့် ကြိုးမဲ့နားကြပ်ဖြစ်သည်။ သင်၏ Gá~láxý~ Búds~2 အသစ်ကို စနစ်တကျ အသုံးပြုရန် အောက်ပါ အကြံပြုချက်အတိုင်း လိုက်နာပါ။]

[အကြံပြုချက်များ လိုက်မလုပ်မီ ဖုန်းတွင် နောက်ဆုံးဆော့ဖ်ဝဲလ်အက်ပ်ဒိတ် တင်ထားပေးရန်နှင့် အသုံးပြုရမည့် အက်ပ်များအား နောက်ဆုံးဗားရှင်းသို့ တင်ထားပေးရန် လိုအပ်ပါသည်။ ဖုန်း ဆော့ဖ်ဝဲလ်အက်ပ်ဒိတ်တင်ရန် အောက်ပါအတိုင်း လုပ်ဆောင်ပါ။]

[အဆင့်၁။ Sétt~íñg > S~óftw~áré ú~pdát~é သို့သွားပါ။]

[အဆင့်၂။  Dówñ~lóád~ áñd Í~ñstá~ll ကိုနှိပ်ပါ။]

[အဆင့်၃။  ညွှန်ကြားသည်များအား ဆက်လက်လုပ်ဆောင်ပါ။]

[နားကြပ်ကိုနားတွင် သေချာစွာတပ်ဆင်ပါ]

[အကောင်းဆုံးအသံရနိုင်ရန်နှင့် ဆူညံသံများကိုပယ်ဖျက်ရန် နားကြပ်ကို သင်၏နား၌ မှန်ကန်စွာ တပ်ဆင်ထားရပါမည်။ နားကြပ်ကို သေချာမတပ်လျှင် ၎င်းတို့သည်အလုပ်မလုပ်ခြင်း (သို့) အသံအရည်အသွေး ညံ့ဖျင်းခြင်းမျိုးဖြစ်နိုင်သည်။ သင်၏နားနှင့်ကိုက်ညီသောနားကြပ်ဖူးတစ်စုံကို သုံး၍မှန်ကန်စွာဝတ်ဆင်ရန် အောက်ပါအဆင့်များအတိုင်းလိုက်နာပါ။]

[အဆင့် ၁။ နားကြပ်တစ်ခုစီကို အပေါ်နှင့်အောက်နှစ်ဖက်မှကိုင်ပြီး အားသွင်းဘူးမှထုတ်ပေးပါ။]

[wéár~ búds~ stép~1]

[အဆင့် ၂။ နားကြပ်တစ်ခုစီကို ဘယ်ညာ သေချာစွာကြည့်ပါ။]

[အဆင့် ၃။ တံဆိပ်ရိုက်နှိပ်ထားသော ဘယ်/ညာ အမှတ်အသားများကို မြင်သာအောင်ကိုင်ပြီး အံဝင်ခွင်ကျရှိသည့်တိုင်အောင် သင်၏နားထဲသို့ထည့်ပါ။]

[ထိတွေ့မှုအာရုံခံကိရိယာများသည် သင်နားကြပ်တပ်ထားသည်ကို အာရုံခံထောက်လှမ်းလိမ့်မည်။ ထို့နောက် နားကြပ်ကိုတပ်ဆင်ပြီးဖြစ်ကြောင်း အသိပေးသည့် အသံတစ်ခုထုတ်လိမ့်မည်။]

[wéár~ búds~ stép~2]

[အပြင်ဘက်တွင်ရှိသော မိုက်ခရိုဖုန်းများကို ဖုံးမိနေခြင်းများ သို့မဟုတ် တချို့အရာများဖြင့် ထိတွေ့နေခြင်းများမရှိစေရန် သတိထားပေးပါ။ မိုက်ခရိုဖုန်းတစ်လုံးကို သင်၏နားဖြင့်ဖုံးမိနေလျှင် နားကြပ်များသည် သင်၏အသံကိုမှန်ကန်စွာမှတ်မိနိုင်မည်မဟုတ်ပါ။ သင်သည် Bíxb~ý သုံးချင်ကြောင်းပြောသောအခါ သင့်ရဲ့နားကြပ်ကသင့်အသံကို သင်၏နားကြပ်များသည် သင်၏အသံကိုကောင်းစွာမသိရှိနိုင်လျှင် ကျေးဇူးပြု၍ မိုက်ခရိုဖုန်းများ သင့်နားကိုဖုံးအုပ်ထားသလားစစ်ဆေး၍  နားကြပ်ရဲ့အနေအထားကိုချိန်ညှိပါ။]

[búds~ wéár~ tróú~blé]

[သင်နားကြပ်ကိုမှန်ကန်စွာ ၀ တ်ထားကြောင်းသေချာချင်လျှင် Gálá~xý Éá~rbúd~ fít t~ést ကိုသုံးနိုင်ပါတယ်။ S~ámsú~ñg ၏ပံ့ပိုးမှုဖြင့်  'F~íñd t~hé bé~st fí~t fór~ ýóúr~ éárs~ wíth~ thé G~áláx~ý Éár~búd f~ít té~st'တွင်လေ့လာနိုင်ပါသည်။]

[မှတ်ချက်။]

  • [ထိတွေ့မှုအာရုံခံကိရိယာသည် သင်၏နားနှင့်ဆက်သွယ်ခြင်းမရှိပါက နားကြပ်သည် အလုပ်လုပ်မည်မဟုတ်ပါ။ နားကြပ်ကိုတွေ့ကြောင်း အသိပေးသည့်အသံမကြားလျှင် သင့်နားနှင့်ကိုက်ညီသောနားကြပ်ဖူးကိုသုံးပါ။]
  • [Éárb~úds များကို သင့်နားတွင် မှန်ကန်စွာ နေရာချထားခြင်းမရှိလျှင် é~árbú~ds များမှတဆင့် ဖုန်းခေါ်ဆိုခြင်းကဲ့သို့ လုပ်ဆောင်ချက်များသည် အလုပ်မလုပ်ပါ။ သင်၏နားနှင့်သင့်တော်သော နားကြပ်ဖူးတစ်စုံကိုသုံး၍ နားကြပ်ကို မှန်ကန်စွာဝတ်ဆင်ပါ။]
  • [လေယာဉ်ပျံများနှင့် ဆေးရုံများကဲ့သို့သော ကြိုးမဲ့ကိရိယာများအသုံးပြုမှုကို ကန့်သတ်သည့်နေရာဒေသများရှိ ခွင့်ပြုချက်ရပုဂ္ဂိုလ်များမှ ထုတ်ပြန်တင်ထားသောသတိပေးချက်များနှင့်လမ်းညွှန်ချက်များကို အားလုံးလိုက်နာပါ။]

[မိုက်ခရိုဖုန်းပေါက်၊ စပီကာနှင့် လေဝင်ပေါက်များအား သန့်ရှင်းရေးပြုလုပ်ခြင်း။]

[အသံအတိုးအကျယ်သည် လက်ရှိချိန်ညှိထားသည်ထက် ပိုတိုးနေလျှင် မိုက်ခရိုဖုန်းအပေါက်၊ စပီကာနှင့်လေဝင်ပေါက်ကို သန့်ရှင်းပါ။ စပီကာကိုမသန့်ရှင်းမီ နားကြပ်ဖူးကို နားကြပ်မှချွတ်ထားလိုက်ပါ။]

[သန့်ရှင်း၊ ခြောက်သွေ့ပြီး နူးညံ့သောစုတ်တံ၊ ဝါဂွမ်းစများ (သို့) အခြားကိရိယာများဖြင့် နားဖာချေးများ၊ ဖုန်မှုန့်များကို ဖယ်ရှားပါ။]

[éárb~úds c~léáñ~ 1] [éárb~úds c~léáñ~ 1]

[① Mícr~óphó~ñé hó~lé]

[éárb~úds c~léáñ~ 2] [éárb~úds c~léáñ~ 2]

[② Spéá~kér]

[éárb~úds c~léáñ~ 3] [éárb~úds c~léáñ~ 3]

[③ Áír d~úct]

  • [အသုံးပြုပြီးနောက်နားကြပ်ကို သန့်ရှင်းရန် နူးညံ့ခြောက်သွေ့သောအဝတ်ကိုသုံးပါ။]
  • [နားကြပ်ကိုခြောက်အောင်ထားပါ။ အရည်များထိတွေ့ခြင်း (သို့) နားကြပ်ထဲသို့ အရည်များ၀င်ခြင်းမှကာကွယ်ပါ။]
  • [စပီကာနှင့် လေဝင်ပေါက်တွင် နားဖာချေး သို့မဟုတ် အညစ်အကြေးများမပါစေရန် နားကြပ်ကိုပုံမှန်သန့်ရှင်းပါ။]

[မှတ်ချက်။ နားဖာချေး (သို့) အညစ်အကြေးများကိုဖယ်ရှားနေစဉ် အလွန်ထက်သောအရာကိုမသုံးပါနှင့်။ မိုက်ခရိုဖုန်းအပေါက်၊ စပီကာနှင့် လေဝင်ပေါက်များ ပျက်စီးနိုင်သည်။]

[အားသွင်းငုတ်များကို သန့်ရှင်းရေးပြုလုပ်ခြင်း။]

[ဘက်ထရီအားသေချာမဝင်တာမျိုး ကြုံတွေ့နေရပါက အားသွင်းကြိုးများကို ခြောက်သွေ့သောအဝတ်ဖြင့်သုတ်ပါ။]

[búds~ chár~gíñg~ cóñt~áct]

[Chár~gíñg~ cóñt~ácts~]

[နားကြပ်နှင့် အားသွင်းဘူးကိုသန့်ရှင်းရေးလုပ်ပါ]

[အားသွင်းဘူးနှင့်နားကြပ်ဖူးများသည် ဖုန်မှုန့်များ၊ သဲများ၊ သို့မဟုတ် သတ္တုဆန်ဆန်ပြင်ပအရာဝတ္တုများနှင့် ထိတွေ့သောအခါ Gálá~xý Bú~ds2 သည်အားသွင်းမှုမမှန်နိုင်သလို ပျက်စီးသွားနိုင်သည်။ နားကြပ်များ (သို့) အားသွင်းဘူးသည် ပြင်ပပစ္စည်းများဖြင့်ထိတွေ့မိခဲ့ပါက အားသွင်းဘူးထဲသို့မထည့်မီ နူးညံ့ခြောက်သွေ့သောအဝတ်ဖြင့်သုတ်ပေးပါ။]

[အသုံးပြုရာတွင် အကောင်းဆုံးအတွေ့အကြုံရရှိစေရန် Gálá~xý Wé~áráb~lé áp~p အပါအ၀င် သက်ဆိုင်ရာ အက်ပ်များကို sóf~twár~é နောက်ဆုံးဗားရှင်းသို့ မြှင့်တင်ထားပေးရန်လိုအပ်ပါသည်။ éár~búds~ ၏ sóft~wáré~ ကို လေလှိုင်းမှ Fírm~wáré~ တင်ခြင်း (FÓTÁ~) ၀န်ဆောင်မှုမှတဆင့် úpdá~té လုပ်ပါ။ Gá~láxý~ Búds~2 sóft~wáré~ ကိုအဆင့်မြှင့်ရန်အောက်ပါအဆင့်များကိုလိုက်နာပါ။]

[အဆင့် ၁။ သင်၏ဖုန်းတွင် Gálá~xý Wé~áráb~lé áp~p ကိုဖွင့်ပါ၊ ထို့နောက် Éár~búds~  sétt~íñgs~ ကိုဝင်ပါ။
]

[အဆင့် ၂။ Éárb~úds s~óftw~áré ú~pdát~é ကိုနှိပ်ပါ။]

[အဆင့် ၃။ Úpdá~té ခလုတ်ကိုနှိပ်ပါ။]

[éárb~úds ú~pdát~é sté~p]

[မှတ်ချက်။  ယခုဖော်ပြထားသောပုံများနှင့် မီနူးများသည် ဖုန်းမော်ဒယ်နှင့် ဆော့ဖ်ဝဲလ်ဗားရှင်းပေါ်မူတည်ပြီး ကွဲပြားနိုင်သည်။]

[သငျ၏အကွံပွုခကြျအတှကျကြေးဇူးတငျပါသညျ]

[RC01_S~tátí~c Cóñ~téñt~ : Thís~ téxt~ ís óñ~lý dí~splá~ýéd ó~ñ thé~ édít~ór pá~gé]