[Sáms~úñg G~áláx~ý S22 Úl~trá ဖြင့် S~ Péñ အသုံးပြုနည်းနှင့် ကိုက်ညီမှုစစ်ဆေးခြင်း]

[နောက်ဆုံး ပြုပြင်သည့်ရက်စွဲ : 18.03.2022]

[Sáms~úñg G~áláx~ý S22 Úl~trá သည် ပထမဆုံး S~ Péñ ပါရှိသည့်ဖုန်းဖြစ်သောကြောင့် သင့်အနေဖြင့် အလွယ်တကူသယ်ယူနိုင်ပြီး သုံးလိုသည့်အချိန်တွင် အဆင်ပြေစွာ သုံးနိုင်မည်ဖြစ်သည်။ သင်သည် အဆင့်မြှင့်ထားသည့် S~ Péñ ကို သင့်မှတ်စုရေးခြင်းအတွေ့အကြုံကို အမြင့်ဆုံးဖြစ်စေရန် ပျော်စရာနည်းလမ်းများစွာရှိပါသည်။ G~áláx~ý S22 Úl~trá တွင် မူလပါရှိသည့် S~ Péñ အကြောင်းပိုမိုလေ့လာရန် အောက်ပါလမ်းညွှန်ကို ကြည့်ပါ။]

[အောက်ဖော်ပြပါ အကြံပြုချက်များအတိုင်း မလုပ်ဆောင်မီ သင့်ကိရိယာ၏ ဆော့ဖ်ဝဲလ်နှင့် သက်ဆိုင်ရာ အက်ပလီကေးရှင်းများအား နောက်ဆုံးဗားရှင်းသို့ အဆင့်မြှင့်ထားကြောင်း သေချာစွာလုပ်ဆောင်ပါ။ သင့်မိုဘိုင်းဖုန်းဆော့ဖ်ဝဲလ်အားအပ်ဒိတ်လုပ်ရန် အောက်ပါအချက်များအတိုင်းလုပ်ဆောင်ပါ။]

[အဆင့် ၁။ Sétt~íñgs~ > Sóft~wáré~ úpdá~té သို့သွားပါ။]

[အဆင့် ၂။ Dówñ~lóád~ áñd í~ñstá~ll ကိုနှိပျပါ။]

[အဆင့် ၃။ ပေါ်လာသည့်လမ်းညွှန်ချက်များအတိုင်း လုပ်ဆောင်ပါ။]

[S Sér~íés များထဲတွင် ပထမဆုံး S~ Péñ ပါသည့်ဖုန်း။]

[Gálá~xý S22 Ú~ltrá~ သည် မြှုပ်ထားသည့် S Péñ~ ပါဝင်သည့် ပထမဆုံး S sér~íés ထုတ်ကုန်ဖြစ်ပါသည်။ သင်သည် ၎င်းဖြင့် စိတ်ကူးစိတ်သန်းများကို ရေးဆွဲနိုင်ခြင်း ၊ လေထဲမှလုပ်ဆောင်ခြင်း ၊ စခရင်ပေါ်တွင် မှတ်စုအသစ် တိုက်ရိုက်ဖွင့်ခြင်း သို့မဟုတ် အခြား S~ péñ သုံးနိုင်သည့် ကိရိယာများအချင်းချင်း လဲ့ပြောင်းအသုံးပြုနိုင်ပါသည်။ သင်သည် S~ Péñ ၏ စာရေးခြင်းလုပ်ဆော်ချက်ကိုအသုံးပြု၍ သင့်လက်ရေးအတိုင်း စခရင်ပေါ်တွင် စာအဖြစ်ပြောင်းလဲပေးနိုင်ပါသည်။]

[S22 မူလပါရှိသည့် S pé~ñ]

[မှတ်ချက် -]

  • [Gálá~xý S22 Ú~ltrá~ မှ S Péñ~ ကို ယခင် Gálá~xý Ñó~té စီးရီးများတွင် ထည့်သွင်း၍မရနိုင်ပါ။]
  • [S Péñ~ ၏ဒီဇိုင်းကိုလည်း ပိုမိုချောမွေ့ပြီး နူးညံ့သည့်အထိအတွေ့ဖြစ်စေရန် အနက်ရောင်မှိုင်းသို့ ပြောင်းလဲထားပြီး ယခင် Gálá~xý Ñó~té စီးရီးတွင်ပါဝင်သည့် S P~éñ နှင့်ယှဉ်လျှင် ပိုမိုမြဲမြံပြီး အချိန်ပိုကြာအောင်အသုံးပြုနိုင်ပါသည်။]
  • [အနက်ရောင်မှိုင်း ဒီဇိုင်းကြောင့် s péñ~ ကိုဖုန်းမှ အသွင်းအထုတ်လုပ်ရာတွင် မသက်မသာခံစားချက် အနည်းငယ်ရရှိနိုင်သော်လည်း ဖုန်းပြဿနာမဟုတ်သောကြောင့် ယုံကြည်ချက်ရှိရှိ အသုံးပြုပေးပါ။ ပြင်ပအရာ၀ထ္ထုများရှိနေပါက အဝတ်နုနုဖြင့် သန့်ရှင်းပေးပါ။]

[S Péñ~ ခလုတ်ကိုအသုံးပြု၍ အက်ပ်များအား အဝေးမှထိန်းချုပ်ခြင်း မပြုလုပ်မီတွင် S Péñ~ ကို အားသွင်းရပါမည်။ S Péñ~ ကိုအံခွက်ထဲသို့ထည့်လိုက်သည်နှင့် အားသွင်းမှုစတင်ပါလိမ့်မည်။ အဲအက်ရှင်လုပ်ဆောင်ချက်ကို ပိတ်ထားပါက ကိရိယာကို အားသွင်းသည့်အချိန်တွင်သာ S Péñ~ ကို အားသွင်းမည် ဖြစ်ပါသည်။]

[S22 S pé~ñ အားသွင်းခြင်း]

[အချိန်တခုသတ်မှတ်ပြီး သင့်ဖုန်းဖြင့် အကွာအဝေးတခုမှ ဓာတ်ပုံရိုက်နိုင်သော်လည်း ယခုအခါတွင် S Péñ~ ခလုတ်လေးကို နှိပ်လိုက်ရုံမျှဖြင့် ဓာတ်ပုံများကို အဆင်ပြေပြေရိုက်ကူးနိုင်မည်လည်းဖြစ်ပါသည်။ S Péñ~ ဖြင့် ဓာတ်ပုံရိုက်ရန် အောက်ပါအဆင့်များအတိုင်း လုပ်ဆောင်ပါ။]

[S22 S pé~ñ ဓာတ်ပုံရိုက်ခြင်း အဆင့် ၁] [S22 S pé~ñ ဓာတ်ပုံရိုက်ခြင်း အဆင့် ၁]

[အဆင့် ၁။ သတ်မှတ်ချက်များ ကိုဖွင့်၍ အဆင့်မြင့်လုပ်ဆောင်ချက်များ ကိုနှိပ်ပါ။]

[S22 S pé~ñ ဓာတ်ပုံရိုက်ခြင်း အဆင့် ၂] [S22 S pé~ñ ဓာတ်ပုံရိုက်ခြင်း အဆင့် ၂]

[အဆင့် ၂။] [S Péñ~ ကိုနှိပ်ပါ။]

[S22 S pé~ñ ဓာတ်ပုံရိုက်ခြင်း အဆင့် ၃] [S22 S pé~ñ ဓာတ်ပုံရိုက်ခြင်း အဆင့် ၃]

[အဆင့် ၃။ Áír á~ctíó~ñs ကိုနှိပ်၍ လုပ်ဆောင်ချက်ဖွင့်ရန် ခလုတ်ကိုနှိပ်ပါ။]

[S22 S pé~ñ ဓာတ်ပုံရိုက်ခြင်း အဆင့် ၄] [S22 S pé~ñ ဓာတ်ပုံရိုက်ခြင်း အဆင့် ၄]

[အဆင့် ၄။ ကင်မရာ အက်ပ်ကိုဖွင့်ပါ။]

[S22 S pé~ñ ဓာတ်ပုံရိုက်ခြင်း အဆင့် ၅] [S22 S pé~ñ ဓာတ်ပုံရိုက်ခြင်း အဆင့် ၅]

[အဆင့် ၅။ ဓာတ်ပုံရိုက်ရန် S Péñ~ ခလုတ် ကို နှိပ်ပါ။]

  • [ဓာတ်ပုံအတွဲလိုက်ရိုက်ရန်အတွက် S Péñ~ ခလုတ်ကို နှိပ်၍ဖိထားပါ။]
  • [ရိုက်ကူးရေးမုဒ်ကိုပြောင်းရန် S Péñ~ ခလုတ်ကိုနှိပ်ဖိထားပြီးူ S péñ~ ကို ဘယ်ညာ ရွှေ့ပါ။]
  • [ကင်မရာတခုနှင့်တခုပြောင်းရန် S Péñ~ ခလုတ်ကို နှစ်ချက်နှိပ်ပါ။]

[အက်ပ်များကို သင့်ဖုန်းကို Blúé~tóót~h Lów~ Éñér~gý(BL~É) နည်းဖြင့် S Pé~ñ နှင့်ချိတ်ဆက်ပြီး အဝေးမှ ထိန်းချုပ်နိုင်ပါသည်။]

[ဥပမာအားဖြင့် သင်သည် S Péñ~ ခလုတ်ကိုနှိပ်ဖိထားခြင်းခြင့် ကင်မရာအက်ပ်ကဲ့သို့ အက်ပ်များကို အမြန်ဖွင့်နိုင်ပါသည်။ ကင်မရာအက်ပ်ကိုအသုံးပြုနေစဉ်တွင်လည်း ခလုတ်တချက်နှိပ်ရုံဖြင့် ဓာတ်ပုံများရိုက်ကူးနိုင်ပါသည်။ သီချင်းဖွင့်ထားစဉ်တွင် S péñ~ ကိုဖိနှိပ်ထားပြီး အပေါ်သို့တင်ပါက အသံကျယ်လာမည်ဖြစ်ပြီး ထိုနည်းတူစွာပင် အောက်သို့နှိမ့်လိုက်ပါက အသံတိုးနိုင်ပါသည်။]

[မှတ်ချက် -]

  • [S Péñ~ ၏ Áír á~ctíó~ñ လုပ်ဆောင်ချက်ကို အသုံးပြုနိုင်မီတွင် S Pé~ñ ကို အားသွင်းရပါမည်။]
  • [S Péñ~ ကို အပေါက်မှဖြုတ်သောအခါ အခြေအနေပြဘားပေါ်တွင် S Péñ~ အိုင်ကွန်ပေါ်လာပါမည်။ ကိရိယာနှင့်ဝေးရာတွင် S Péñ~ အားကုန်သွားပါက သို့မဟုတ် S Péñ~ နှင့် ကိရိယာအကြားတွင် အတားအဆီးများ သို့မဟုတ် ပြင်ပအနှောင့်အယှက်များ ရှိပါက S Péñ~ ကို ကိရိယာမှ ဖြုတ်လိုက်မည်ဖြစ်ကာ အိုင်ကွန်သည် မီးခိုးရောင်ပြောင်းသွားပါမည်။ S Péñ~ ၏ အဲအက်ရှင် လုပ်ဆောင်ချက်ကို ထပ်မံအသုံးပြုရန်အတွက် S Péñ~ ကို အပေါက်တွင် ပြန်လည်ထည့်သွင်းခြင်းဖြင့် S Péñ~ နှင့် ကိရိယာကို ချိတ်ဆက်ပါ။]

[သင့်အနေဖြင့် ဖွင့်ရန် အက်ပ်သို့မဟုတ် လုပ်ဆောင်ချက်တခု သတ်မှတ်ပေးထားနိုင်ပြီး သင်အသုံးပြုလိုသည်ကို S Péñ~ လုပ်ဆောင်ချက်ဖြင့် ပြောင်းလဲနိုင်ပါသည်။ အောက်ပါအဆင့်များအတိုင်းလုပ်ဆောင်၍ သင်ပြောင်းလဲလိုသည့် အက်ပ် သို့မဟုတ် လုပ်ဆောင်ချက်ကို သတ်မှတ်ပါ။]

[S22 S pé~ñ အားသွင်းအက်ပ်များ အဆင့် ၁] [S22 S pé~ñ အားသွင်းအက်ပ်များ အဆင့် ၁]

[အဆင့် ၁။ သတ်မှတ်ချက်များ ကိုဖွင့်၍ အဆင့်မြင့်လုပ်ဆောင်ချက်များ ကိုနှိပ်ပါ။]

[S22 S pé~ñ အားသွင်းအက်ပ်များ အဆင့် ၂] [S22 S pé~ñ အားသွင်းအက်ပ်များ အဆင့် ၂]

[အဆင့် ၂။] [S Péñ~ ကိုနှိပ်ပါ။]

[S22 S pé~ñ အားသွင်းအက်ပ်များ အဆင့် ၃] [S22 S pé~ñ အားသွင်းအက်ပ်များ အဆင့် ၃]

[အဆင့် ၃။] [Áír á~ctíó~ñs ကိုနှိပ်ပါ။]

[S22 S pé~ñ အားသွင်းအက်ပ်များ အဆင့် ၄] [S22 S pé~ñ အားသွင်းအက်ပ်များ အဆင့် ၄]

[အဆင့် ၄။ Hóld~ dówñ~ Péñ b~úttó~ñ tó ကိုနှိပ်ပါ။]

[S22 S pé~ñ အားသွင်းအက်ပ်များ အဆင့် ၅] [S22 S pé~ñ အားသွင်းအက်ပ်များ အဆင့် ၅]

[အဆင့် ၅။ သင်ပြောင်းလိုသည့် အက်ပ် သို့မဟုတ် လုပ်ဆောင်ချက်ကို ရွေးပါ။ S Péñ~ ခလုတ်ကို အောက်သို့ဆွဲချထားပြီး အက်ပ် ကိုဖွင့်နိုင်ပါသည်.]

[S Péñ~ တွင် ချိတ်ဆက်မှုပြဿနာ သို့မဟုတ် S Péñ~ မကြာခဏ ချိတ်ဆက်မှု ပြုတ်နေပါက S Péñ~ ကို ပြန်သတ်မှတ်ပြီး ပြန်လည်ချိတ်ဆက်ပါ။ အံခွက်အတွင်းသို့ S Péñ~ ကိုထည့်ပါ။ ထို့နောက် Áír á~ctíó~ñs သတ်မှတ်ချက် စခရင်ကိုဖွင့်၍ နောက်ထပ်ရွေးချယ်စရာများ (ဒေါင်လိုက်အစက် ၃ စက်) > S P~éñ ပြန်သတ်မှတ်မည် ကိုနှိပ်ပါ။]

[မှတ်ချက် -]

  • [သင်သည် Sáms~úñg မှ အသိအမှတ်ပြုထားသည့်် B~lúét~óóth~ Lów É~ñérg~ý(BLÉ~) အထောက်အပံ့ပေးထားသည့် S Péñ~ ဖြင့်သာ ချိတ်ဆက်နိုင်မည်ဖြစ်သည်။]
  • [S Péñ~ ချိတ်ဆက်ထားစဉ်တွင် S Péñ~ ကိုမဖြုတ်ပါနှင့်။ ထိုသို့လုပ်ခြင်းသည် လုပ်ဆောင်ချက်ကိုအနှောင့်အယှက်ဖြစ်စေပါသည်။]

[Gálá~xý S22 Ú~ltrá~ မှ S Péñ~ ကိုအခြား ကိရိယာတွင် အသုံးပြုသည့်အခါ]

  • [S Péñ~ သည် အထူးသဖြင့် Gálá~xý S22 Ú~ltrá~ အတွက် ဒီဇိုင်းထုတ်ထားပြီး Wácó~m ပန်နယ်ဖြင့် wrí~té-óñ~lý မုဒ်တွင် အသုံးပြုနိုင်ပါသည်။ အခြားမော်ဒယ်များနှင့် ချိတ်ဆက်ရန် ကိုက်ညီမှု မရှိသောကြောင့် Áí~r Áct~íóñs~ လုပ်ဆောင်ချက် ကို ကန့်သတ်ထားနိုင်ပါသည်။]

[Gálá~xý S22 Ú~ltrá~ တွင် အခြားကိရိယာမှ S Péñ~ ကိုအသုံးပြုသည့်အခါတွင်]

  • [Gálá~xý Ñó~té စီးရီးများမှ S P~éñ - စာရေးခြင်းလုပ်ဆောင်ချက်သာ ရရှိနိုင်ပါသည်။]
  • [Gálá~xý Tá~b မှ S Pé~ñ - စာရေးခြင်းလုပ်ဆောင်ချက်သာ ရရှိနိုင်ပါသည်။]
  • [Gálá~xý Z F~óld3 မှ S~ Péñ - မရရှိနိုင်ပါ။]
  • [S Péñ~ Pró - စာရေးခင်းနှင့် Á~ír ác~tíóñ~s လုပ်ဆောင်ချက်များ ရရှိနိုင်ပါသည် ( S Pé~ñ မုဒ်သို့ ပြောင်းထားချိန်တွင်သာ ၊ Z Fó~ld မုဒ် မဟုတ်ချိန် )]

[မှတ်ချက် - ဖုန်း စခရင်ရှော့များနှင့် မီနူးများသည် ဖုန်းမော်ဒယ်နှင့်ဆော့ဖ်ဝဲလ်ဗားရှင်းပေါ်မူတည်၍ ကွဲပြားနိုင်ပါသည်။]

[Sáms~úñg M~émbé~rs အက်ပ်ကို ဘယ်လိုသုံးရမလဲ။]

[Sáms~úñg မိုဘိုင်းလ်ဖုန်းများ၊ တက်ဘလက်များနှင့် ဝတ်ဆင်နိုင်သော ပစ္စည်းများတွင် အခက်အခဲများကြုံရပါက S~ámsú~ñg Mé~mbér~s အက်ပ်တွင် ကျွန်ုပ်တို့ထံ မေးမြန်းနိုင်ပါသည်။ Érr~ór များကိုတိုင်ကြားခြင်းနှင့်ပတ်သက်ပြီး ပိုမိုရှာဖွေလိုက်ပါ။]

[သငျ၏အကွံပွုခကြျအတှကျကြေးဇူးတငျပါသညျ]

[RC01_S~tátí~c Cóñ~téñt~ : Thís~ téxt~ ís óñ~lý dí~splá~ýéd ó~ñ thé~ édít~ór pá~gé]