[ရေထဲဖုန်းကျသွားပါသည်။]

[နောက်ဆုံး ပြုပြင်သည့်ရက်စွဲ : 13.01.2022]

[မတော်တဆ ဖုန်းရေထဲလွတ်ကျပြီး ဒေသတွင်းဝန်ဆောင်မှုစင်တာများဆီ ချက်ချင်းမသွားရောက်နိုင်တာမျိုး ဖြစ်ဖူးပါသလား။ ပထမဦးစွာ သင့်ဖုန်းကိုပါ၀ါပိတ်ပစ်ရန် လိုအပ်ပါသည်။ ထိုသို့လုပ်ရခြင်းမှာ သင့်ဖုန်းမှအပူထွက်သည့်အခါ အတွင်းရှိ မိန်းဘုတ်တွင် သံချေး သို့မဟုတ် ပျက်စီးမှုများရှိလာနိုင်သောကြောင့်ဖြစ်သည်။ သင့်ဖုန်းရေထဲကျသွားပါက သင်လုပ်နိုင်မည့်လုံခြုံရေးကန့်သတ်ချက်များကို ပိုမိုသိရှိရန် ဆက်လက်ဖတ်ရှုပါ။]

[စစ်ဆေးမှု ၁။ ဖုန်းကို ပါ၀ါပိတ်ပါ]

[ဖုန်းရေမြုပ်ထားပါက သင့်ဖုန်းကိုပိတ်(ပိတ်ထား)ကြောင်းသေချာပါစေ။ ဖုန်းထဲရှိစိုထိုင်းဆသည် မိန်းဘုတ်ကိုအပြင်းအထန်ပျက်စီးစေခြင်း သို့မဟုတ် သံချေးတက်စေခြင်းမျိုး ဖြစ်နိုင်ပါသည်။ ဘက်ထရီဖြုတ်၍ရပါက ကာဗာ ၊ ဘက်ထရီနှင့် ÚSÍM~ အစရှိသည်တို့ကို အမြန်ဖြုတ်ပါ။ သင့်ဖုန်းသည် ဖြုတ်မရသည့်ဘက်ထရီပါသည့် ဖုန်းမော်ဒယ်အသစ်ဖြစ်နေပါက ဖုန်းကိုချက်ချင်း ပိတ်ပါ။]

[Gálá~xý ဖုန်းအားပိတ်ပါ။]

[မှတ်ချက်။]

[ဖြုတ်မရသည့်ဘက်ထရီပါသည့် Gálá~xý ဖုန်းများကိုပိတ်ရန် အသံတိုးခလုတ်နှင့် ဘေးခလုတ်ကို ၃ မှ ၄ စက္ကန့်အထိ ပြိုင်တူဖိထားပေးပါ။]

[စစ်ဆေးမှု ၂။ စိုထိုင်းစအားဖယ်ရှားခြင်း]

[သင့်ဖုန်းကိုပိတ်ပြီးပါက ဖုန်းကိုအမြန်ခြောက်သွေ့အောင်လုပ်ပါ။ ဘက်ထရီ ၊ ÚSÍM~ ၊ မမ်မိုရီကဒ် အစရှိသည်တို့မှ စိုထိုင်းစများကို ခြောက်သွေ့သည့်တဘက် သို့မဟုုတ် သန့်ရှင်းသည့်အဝတ်ဖြင့် ဖယ်ရှားပေးပါ။ အထူးသဖြင့် ရေဝင်နိုင်သည့် နားကြပ်ပေါက် သို့မဟုတ် အားသွင်းပေါက်ကဲ့သို့ နေရာများကို သေချာအသေးစိတ်အခြောက်ခံပါ။ စိုထိုင်းစအလုံးစုံဖယ်ရှားကြောင်းသေချာစေရန် နားကြပ်တံကိုအသုံးပြုပါ။]

[Gálá~xý ဖုန်းကိုအခြောက်ခံပါ။]

[စစ်ဆေးမှု ၃။ ပြင်ပအရာဝထ္ထုများဖယ်ရှားပါ။]

[သောက်စရာ ၊ ပင်လယ်ရေ သို့မဟုတ် ကလိုရင်းပါသည့်ရေကူးကန်ရေများ ဖုန်းထဲဝင်သွားပါက အငန်ဓာတ်သို့မဟုတ် မသန့်စင်မှုများကို တတ်နိုင်သမျှအမြန်ဆုံးဖယ်ရှားရန် အလွန်အရေးကြီးပါသည်။ ထိုသို့လုပ်ရခြင်းမှာ ပြင်ပအရာဝထ္ထုများသည် မိန်းဘုတ်သံချေးတက်ခြင်းကို ပိုမိုမြန်ဆန်စေသေောကြောင့်ဖြစ်ပါသည်။ ဖုန်းပိတ်ပြီးသည့်နောက်တွင် ဖယ်ထုတ်၍ရသည့်ပစ္စည်းများအားလုံးဖယ်ပြီး ၁ မိနစ်မှ ၃ မိနစ်ခန့်အထိ ရေသန့်ထဲတွင်စိမ်၍ ပြန်လည်ဆေးချပါ။ ထို့နောက် စစ်ဆေးမှု ၂ အတိုင်းလုပ်ဆောင်၍ ဖုန်းကိုခြောက်သွေ့အောင်လုပ်ပါ။]

[စစ်ဆေးမှု ၄။ လေဖြင့်အခြောက်ခံခြင်း]

[အစိုဓာတ်သို့မဟုတ် အညစ်အကြေးများအားဖယ်ပြီးပါက သင့်ဖုန်းကို လေဝင်လေထွက်ကောင်းသည့်နေရာတွင်ထားခြင်း သို့မဟုတ် လေအေး(ပန်ကာမှ)ပေး၍ ခြောက်သွားအောင်လုပ်သင့်ပါသည်။ ရေမြုပ်သွားသည့်ဖုန်းများအတွက် လေဖြင့်အခြောက်ခံခြင်းကို အကြံပြုပါသည်။ ဆံပင်အခြောက်ခံစက် သို့မဟုတ် လေပူတို့ဖြင့် သင့်ဖုန်းကိုအမြန်ခြောက်သွားအောင်ကြိုးစားခြင်းသည် သင့်ဖုန်းကိုပျက်စီးစေနိုင်ကြောင်း ကျေးဇူးပြု၍သိထားပေးပါ။ စိုထိုင်းစများသည် အခြောက်ခံပြီးသည့်နောက်တွင် ကျန်နေခဲ့နိုင်သောကြောင့် ၀န်ဆောင်မှုစင်တာတွင် သွားရောက်စစ်ဆေးမှုမလုပ်ရသေးမချင်း ဖုန်းကိုမဖွင့်ခြင်းသည် အကောင်းဆုံးဖြစ်ပါသည်။ လေဖြင့်အခြောက်ခံပြီးသည့်နောက်တွင် သင့်ရေစိုထားသည့်ဖုန်းကို Sáms~úñg လျှပ်စစ်ပစ္စည်းဆိုင်ရာဝန်ဆောင်မှုစင်တာသို့ တတ်နိုင်သမျှအမြန်ဆုံးယူဆောင်သွားပါ။]

[ရေစိုထားသည့်ဖုန်းကို လေဖြင့်အခြောက်ခံခြင်း သို့မဟုတ် ပန်ကာဖြင့်အခြောက်ခံခြင်း]

[စစ်ဆေးမှု ၅။ ရေဒဏ်ခံနိုင်မှုအဆင့်သတ်မှတ်ချက်ကိုကြည့်ပါ။]

[Gálá~xý မော်ဒယ်အများစုသည် ဖုန်နှင့်ရေကိုခံနိုင်ပြီး အမြင့်ဆုံးအဆင့်သတ်မှတ်ချက် ÍP~68 အထိ ရရှိထားပါသည်။ အမြင့်ဆုံးအဆင့်သတ်မှတ်ချက်မှာ ၁.၅ မီတာအနက်တွင် ရေဒဏ်ကို မိနစ် ၃၀ အထိ ခံနိုင်သော်လည်း ပိုနက်သည့်နေရာ သို့မဟုတ် ဖိအားများသည့်နေရာတွင် မသုံးသင့်ပါ။ သင့်ဖုန်းသည် အနက် ၁.၅ မီတာတွင် မိနစ် ၃၀ ထက်ပို၍ရှိနေပါက ရေဝင်သွားနိုင်ပါသည်။]

[မှတ်ချက်။]

  • [ဖုန်နှင့်ရေဒဏ်ခံနိုင်မှုအထောက်အပံ့များသည် ဖုန်းမော်ဒယ်အလိုက်ကွဲပြားနိုင်သောကြောင့် ဖုန်း၏ အသုံးပြုသူလက်စွဲကို စစ်ဆေးပြီးကြောင်းသေချာပါစေ။]
  • [ÍP(အကာအကွယ်ပေးရန်အတည်ပြုကုဒ်) အဆင့်သတ်မှတ်ချက်သည် အရည်နှင့်အခဲများအတွက် အကာအကွယ်ကုဒ်ကိုကိုယ်စားပြုပြီး လျှပ်စစ်ပစ္စည်းများ၏ ပြင်ပသက်ရောက်မှုနှင့် ပြင်ပအရာဝထ္ထုများ၏ စွမ်းဆောင်နိုင်ရည်နှင့်ပတ်သတ်ပြီး နိုင်ငံတကာလျှပ်စစ်ပညာရှင်များကော်မရှင်(ÍÉ~C) မှ ထုတ်ပြန်ထားသည့် အဆင့်သတ်မှတ်ချက်ဖြစ်သည်။ ပထမဆုံးဂဏန်းသည် ဖုန်ဒဏ်ခံနိုင်မှုအဆင့်(၀ မှ ၆ ) နှင့် ဒုတိယဂဏန်းမှာ ရေဒဏ်ခံနိုင်မှုအဆင့်(၀ မှ ၈ ) ကို ကိုယ်စားပြုပါသည်။ ယေဘုယျအားဖြင့် ရေဒဏ်ခံနိုင်မှုအဆင့် ၄ သို့မဟုတ် အထက်ကို ရေဒဏ်ခံနိုင်သည်ဟု အဆင့်ခွဲခြားသတ်မှတ်ပါသည်။]
  • [ဖုန်း စခရင်ရှော့များနှင့် မီနူးများသည် ဖုန်းမော်ဒယ်နှင့်ဆော့ဖ်ဝဲလ်ဗားရှင်းပေါ်မူတည်၍ ကွဲပြားနိုင်ပါသည်။]

[Sáms~úñg M~émbé~rs အက်ပ်ကို ဘယ်လိုသုံးရမလဲ။]

[Sáms~úñg မိုဘိုင်းလ်ဖုန်းများ၊ တက်ဘလက်များနှင့် ဝတ်ဆင်နိုင်သော ပစ္စည်းများတွင် အခက်အခဲများကြုံရပါက S~ámsú~ñg Mé~mbér~s အက်ပ်တွင် ကျွန်ုပ်တို့ထံ မေးမြန်းနိုင်ပါသည်။ Érr~ór များကိုတိုင်ကြားခြင်းနှင့်ပတ်သက်ပြီး ပိုမိုရှာဖွေလိုက်ပါ။]

[သငျ၏အကွံပွုခကြျအတှကျကြေးဇူးတငျပါသညျ]

[RC01_S~tátí~c Cóñ~téñt~ : Thís~ téxt~ ís óñ~lý dí~splá~ýéd ó~ñ thé~ édít~ór pá~gé]