[ကြိုးဖြင့်အားသွင်းခြင်းပြဿနာများ။]
[ကြိုးအားသွင်းတုံးဖြင့် အားသွင်းရာတွင် ဘာကြောင့်မဝင်လဲဆိုသည့်အတွက် များစွာသောအကြောင်းရင်းများရှိပါသည်။ ယေဘုယျအားဖြင့် အဖြစ်များဆုံးပြဿနာများမှာ ဖုန်းနှင့်မကိုက်ညီသည့် သို့မဟုတ် ပျက်စီးနေသည့် အားသွင်းတုံး ၊ အားသွင်းခေါင်းနှင့် ကြိုးတို့ကြောင့်ဖြစ်ပါသည်။ ထို့အပြင် ဖုန်သို့မဟုတ်အပိုင်းအစများ ဖုန်း၏ အားသွင်းပေါက်၊ ကြိုး၊ အားသွင်းခေါင်းတွင်ရှိနေခြင်း သို့မဟုတ် PC သည်လည်း ပုံမှန်အားသွင်းမှုကို အနှောင့်အယှက်ပေးနိုင်ပါသည်။]
[အောက်ဖော်ပြပါ အကြံပြုချက်များအတိုင်း မလုပ်ဆောင်မီ သင့်ကိရိယာ၏ ဆော့ဖ်ဝဲလ်နှင့် သက်ဆိုင်ရာ အက်ပလီကေးရှင်းများအား နောက်ဆုံးဗားရှင်းသို့ အဆင့်မြှင့်ထားကြောင်း သေချာစွာလုပ်ဆောင်ပါ။ သင့်မိုဘိုင်းဖုန်းဆော့ဖ်ဝဲလ်အားအပ်ဒိတ်လုပ်ရန် အောက်ပါအချက်များအတိုင်းလုပ်ဆောင်ပါ။]
[အဆင့် ၁။] [Sétt~íñgs~ > Sóft~wáré~ úpdá~té သို့သွားပါ။]
[အဆင့်၂။] [Dówñ~lóád~ áñd í~ñstá~ll ကိုနှိပျပါ။]
[အဆင့် ၃။ ပေါ်လာသည့်လမ်းညွှန်ချက်များအတိုင်း လုပ်ဆောင်ပါ။]
[စစ်ဆေးမှု ၁။ သင့်အားသွင်းတုံး သို့မဟုတ် အားသွင်းကြိုးကိုစစ်ပါ။]
[အားသွင်းတုံးသည် Sáms~úñg မှ အသိအမှတ်ပြုထားပြီး သင့်ဖုန်းနှင့်ကိုက်ညီမှုရှိမရှိ စစ်ဆေးပါ။]
[အားသွင်းခေါင်း သို့မဟုတ် အားသွင်းကြိုးပုံများတူနိုင်ကြသော်လည်း ၄င်းတို့၏အရည်အသွေးနှင့် အားသွင်းနှုန်းတို့ကွဲပြားနိုင်ပါသည်။ သင့် Gálá~xý ဖုန်း၏သက်တမ်းကို တာရှည်ခံစေရန်အတွက် Sá~msúñ~g မှအသိအမှတ်ပြုထားသည့် အားသွင်းတုံးနှင့်အားသွင်းကြိုးများသည် သင့်ဖုန်းနှင့်ကိုက်ညီမှုရှိပြီး ဘက်ထရီသက်တမ်းအမြင့်ဆုံးဖြစ်စေစေရန် ဒီဇိုင်းထုတ်ထားသောကြောင့် ၄င်းတို့ကိုအသုံးပြုနေခြင်းရှိမရှိ စစ်ဆေးပါ။ မိုဘိုင်းဖုန်းများအတွက်ထုတ်ထားခြင်းမဟုတ်သည့် (ခရီးသွားအားသွင်းတုံး သို့မဟုတ် သာမန်အားသွင်းတုံး) သို့မဟုတ် Sám~súñg~ မှ အသိအမှတ်မပြုထားသည့်ထုတ်ကုန်များကိုအသုံးပြုပါက သင့်ဖုန်း ပျက်စီးသွားနိုင်သည် သို့မဟုတ် မှန်ကန်စွာအားမသွင်းနိုင်ခြင်းမျိုး ဖြစ်နိုင်ပါသည်။]
[သင့်အားသွင်းခေါင်းသို့မဟုတ် အားသွင်းကြိုးတွင် ပျက်စီးနေမှုများရှိမရှိ စစ်ဆေးပါ။]
[သင့်အားသွင်းခေါင်းသို့မဟုတ် အားသွင်းကြိုးတွင် ပျက်စီးနေမှုများရှိမရှိ ကြည့်ရှုရန်စစ်ဆေးပါ။ ကွဲနေခြင်းသို့မဟုတ် ၀ါယာများပေါ်နေခြင်းတို့ကဲ့သို့ ပြဿနာများတွေ့ရပါက ကြိုးကိုအသုံးပြုခြင်းမှ ချက်ခြင်းရပ်ပစ်ပါ။ အားသွင်းကြိုးများသည် အားသွင်းပေါက်နှင့် အံဝင်ခွင်ကျရှိနေရမည်ဖြစ်ပြီး ချောင်နေခြင်း သို့မဟုတ် တပ်ရအဆင်မပြေခြင်းတို့ မဖြစ်ရပါ။ အားသွင်းကြိုးများ ၊ ÚSB ချိတ်ဆက်ခေါင်းများနှင့် အားသွင်းပေါက်များအားလုံးကို ဖြုတ်၊တပ် လုပ်ကြည့်ပြီး သင့်ချိတ်ဆက်မှုကို ပြန်လည်စစ်ဆေးပါ။]
[အခြား အားသွင်းခေါင်းသို့မဟုတ် အားသွင်းကြိုးကိုအသုံးပြုကြည့်ပါ။]
[သိသာသည့်ပျက်စီးမှုမရှိပါက အခြားအားသွင်းခေါင်းသို့မဟုတ် အားသွင်းကြိုးကိုအသုံးပြုကြည့်ပါ။ သင့်အားသွင်းတုံးသို့မဟုတ် အားသွင်းကြိုးဖြင့် ကောင်းစွာအားသွင်း၍ရမရ အခြားဖုန်းဖြင့်စမ်းကြည့်ပါ။]
[အခြားပြဿနာများအားစစ်ဆေးခြင်း]
[သင့်အားသွင်းတုံး သို့မဟုတ် အားသွင်းကြိုးတွင် ပြဿနာမရှိပါက ပါ၀ါရယူသည့်နေရာတွင် ပြဿနာရှိမရှိ စစ်ဆေးပါ။ သင့်ဖုန်းအား Ñóté~bóók~ သို့မဟုတ် PC ဖြင့်အားသွင်းမည့်အစား ပလပ်ပေါက်ဖြင့်အားသွင်းကြည့်ပါ။]
[စစ်ဆေးမှု ၂။ အားသွင်းပေါက်ထဲမှ ပြင်ပအရာဝထ္ထုများအားဖယ်ရှားပါ။]
[အဖြစ်များသည့် အားသွင်းခြင်းပြဿနာများထဲမှတခုမှာ အားသွင်းပေါက်ထဲတွင် အရာဝထ္ထုများ ရှိနေခြင်းကြောင့်ဖြစ်သည်။ ဖုန်သို့မဟုတ် ချည်စကဲ့သို့ ပြင်ပအရာဝထ္ထုများ အားသွင်းပေါက်ထဲတွင်စုနေပါက ဖုန်းရှိ အားသွင်းလမ်းကြောင်းများကို အားသွင်းကြိုးမှ သေချာစွာမချိတ်ဆက်နိုင်ခြင်းမျိုးဖြစ်နိုင်ပါသည်။ ၄င်းသည် အားသွင်းခြင်းပြဿနာများကိုဖြစ်စေနိုင်ပါသည်။]
[အဆင့် ၁။ ဖုန်းကို ပါ၀ါပိတ်ပါ]
[အဆင့် ၂။ ဓာတ်မီးဖြင့် အားသွင်းပေါက်ထဲသို့ကြည့်ပါ။ သတ္တုလမ်းကြောင်းများအနီးတွင် ဖုန်သို့မဟုတ်ပြင်ပအရာဝထ္ထုများရှိနေပါက သန့်ရှင်းပေးရန်လိုအပ်ပါသည်။]
[အဆင့် ၃။ ဖုန်နှင့်အပိုင်းအစများကို ဖယ်ရှားရန်အတွက် အားသွင်းပေါက်ထဲသို့ လေဖြင့်အသာလေးမှုတ်ကြည့်ပါ။]
[အဆင့် ၄။ အားသွင်းပေါက်လုံးဝပိတ်နေပါက အနီးဆုံးဝန်ဆောင်မှုစင်တာမှ ကျွမ်းကျင်သူ၏အကူအညီကိုရယူပါ။]
[စစ်ဆေးမှု ၃။ အမြန်အားသွင်းခြင်း]
[အကယ်၍ သင့်ဖုန်းသည် အမြန်အားသွင်းခြင်းကို အထောက်အပံ့ပေးထားပါက ÁFC(အလိုက်သင့်ပြောင်းပေးသောဘက်ထရီ) ကိုသုံးရန် အကြံပြုပါသည်။ သင့်ဖုန်းအားသွင်းရနှေးနေပါက သင့်ဖုန်းတွင် အမြန်အားသွင်းခြင်း ကိုဖွင့်ထားခြင်းရှိမရှိ စစ်ဆေးပါ။]
[မှတ်ချက်။]
- [အားသွင်းနေစဉ်တွင် ယခုလုပ်ဆောင်ချက်ကို ပိတ်ဖွင့်လုပ်၍မရနိုင်ပါ။]
- [အမြန်အားသွင်းခြင်းကို အထောက်အပံ့မပေးသည့် PC သို့မဟုတ် ÚS~B ကိရိယာနှင့်ချိတ်ဆက်ထားချိန်တွင် အမြန်အားသွင်းခြင်း ကိုဖွင့်နိုင်မည်မဟုတ်ပါ။]
[စစ်ဆေးမှု ၄။ အစိုဓာတ်ရှိနေခြင်းပြဿနာ အသိပေးစာ]
[ÚSB အပေါက်သို့မဟုတ် အားသွင်းတုံးတွင် အစိုဓာတ်ရှိနေသည့်အချိန်အားသွင်းမိပါက အတွင်းပိုင်းဆားကစ်များကို ပျက်စီးစေနိုင်သည့်အထိဖြစ်စေနိုင်ပါသည်။ ယခုကိစ္စကြောင့်ပြဿနာဖြစ်နေပါက သင့်ဖုန်းတွင် အစိုဓာတ်သို့မဟုတ် အပိုင်းအစများရှိနေသည့်အသိပေးစာ ရရှိပါလိမ့်မည်။ သင့်ဖုန်းသည် ရေစိုခံ၊ဖုန်တင်ခံသော်လည်း အသုံးမပြုမီလုံးဝ ခြောက်သွေ့အောင်လုပ်ပြီးမှ အသုံးပြုခြင်းဖြင့် သင့်ဖုန်းကိုသာမန်အတိုင်းလုပ်ဆောင်နိုင်ရန် ကူညီပေးပါသည်။]
[သင့်ဖုန်းကို အခြောက်ခံရန်အတွက် သန့်ရှင်းနူးညံ့သည့်အဝတ်စဖြင့်သုတ်၍ လေဝင်လေထွက်ကောင်းသည့်နေရာတွင်ထားပါ။ သင့်ဖုန်းကို လုံးဝအခြောက်ခံပြီးသော်လည်း အားသွင်းခြင်းပြဿနာများကြုံနေရသေးပါက ကျွမ်းကျင်ပညာရှင်ထံမှ အကူအညီတောင်းခံပါ။]
[မှတ်ချက်- ဖုန်း စခရင်ရှော့များနှင့် မီနူးများသည် ဖုန်းမော်ဒယ်နှင့်ဆော့ဖ်ဝဲလ်ဗားရှင်းပေါ်မူတည်၍ ကွဲပြားနိုင်ပါသည်။]
[သငျ၏အကွံပွုခကြျအတှကျကြေးဇူးတငျပါသညျ]
[ကျေးဇူးပြု၍ မေးခွန်းအားလုံးဖြေဆိုပါ။]
[RC01_S~tátí~c Cóñ~téñt~ : Thís~ téxt~ ís óñ~lý dí~splá~ýéd ó~ñ thé~ édít~ór pá~gé]