[Gálá~xý Wá~tch4 စီးရီးဖြင့် သင်၏ခန္ဓာကိုယ်ဖွဲ့စည်းမှုကို တိုင်းတာပါ။]
[လက်ရှိအချိန်တွင် Gálá~xý စမတ်နာရီများသည် သင်၏ကျန်းမာရေးကို ပိုမိုကောင်းမွန်လာစေရန် များစွာ အဆင့်မြှင့်တင်ထားပါသည်။ Gá~láxý~ Wátc~h4 sér~íés တွင် သင့်ခန္ဓာကိုယ်ကို ပိုမိုတိကျစွာခွဲခြမ်းစိတ်ဖြာရန် အဆင့်မြင့်အာရုံခံကိရိယာများ ပါ၀င်သည်။ အထူးသဖြင့် B~íóél~éctr~ícál~ Ímpé~dáñc~é Áñá~lýsí~s (BÍÁ~) အာရုံခံကိရိယာအသစ်သည် သင့်ခန္ဓာကိုယ်အဆီနှင့် အရိုးကြွက်သားများကို တိုင်းတာပေးနိုင်သည်။ Gálá~xý ၏ ခန္ဓာကိုယ်ဖွဲ့စည်းမှုကိုတိုင်းတာရန် အောက်ပါလမ်းညွှန်ချက်အတိုင်းလိုက်နာပါ။]
[အောက်ပါညွှန်ကြားချက်များ လိုက်မလုပ်မီ ဖုန်းတွင် နောက်ဆုံးဆော့ဖ်ဝဲလ်အက်ပ်ဒိတ် တင်ထားပေးရန်နှင့် အသုံးပြုရမည့် အက်ပ်များအား နောက်ဆုံးဗားရှင်းသို့ တင်ထားပေးရန် လိုအပ်ပါသည်။ ဖုန်း ဆော့ဖ်ဝဲလ်အက်ပ်ဒိတ်တင်ရန် အောက်ပါအတိုင်း လုပ်ဆောင်ပါ။]
[အဆင့်၁။ Sétt~íñg > S~óftw~áré ú~pdát~é သို့သွားပါ။]
[အဆင့်၂။ Dówñ~lóád~ áñd Í~ñstá~ll ကိုနှိပ်ပါ။]
[အဆင့်၃။ ညွှန်ကြားသည်များအား ဆက်လက်လုပ်ဆောင်ပါ။]
[သင်၏ခန္ဓာကိုယ်ကို Bíóé~léct~rícá~l Ímp~édáñ~cé Áñ~álýs~ís (BÍ~Á) ဖြင့် တိုင်းတာပါ။]
[စမတ်ကျသောတိုင်းတာမှုများအရ Bíóé~léct~rícá~l Ímp~édáñ~cé Áñ~álýs~ís (BÍ~Á) séñ~sór သည် သင်၏အရိုးကြွက်သားထု သို့မဟုတ် အဆီထု အစရှိသော ခန္ဓာကိုယ်ဖွဲ့စည်းမှုကိုတိုင်းတာနိုင်သည်။ အာရုံခံကိရိယာသည် ခန္ဓာကိုယ်ရှိကြွက်သားများ၊ အဆီနှင့် ရေပမာဏကို တိုင်းတာရန် ခန္ဓာကိုယ်သို့ m~ícró~cúrr~éñts~ များပို့သည်။ ထိုအရာသည် လူအား အန္တရာယ်မဖြစ်စေသော်လည်း ကိုယ်ဝန်ဆောင်နေစဉ် ကာလအတွင်း သင်၏ခန္ဓာကိုယ်ဖွဲ့စည်းမှုကို မတိုင်းတာပါနှင့်။]
[Gálá~xý Wá~tch4 s~éríé~s သည် သင်၏လက်ရှိခန္ဓာကိုယ်အခြေအနေကို ၁၅ စက္ကန့်အတွင်း တစ်ချက်ထိရုံဖြင့် စစ်ဆေးနိုင်သည်။]
[သင်၏ခန္ဓာကိုယ်ဖွဲ့စည်းမှုကိုမတိုင်းတာမီ အောက်ပါအခြေအနေများကိုသတိပြုပါ။]
[အောက်ပါအချက်များကို လိုက်နာခြင်းအားဖြင့် ခန္ဓာကိုယ်ဖွဲ့စည်းမှုရလဒ်ကို ပိုပြီးတိကျစေနိုင်သည်။]
- [တစ်နေ့တာ၏ ပုံမှန်တစ်ချိန်တည်းတွင် တိုင်းတာရန်။ (နံနက်ခင်းတွင်တိုင်းတာရန်အကြံပြုသည်)]
- [အစာမစားရသေးခင် တိုင်းတာရန်။]
- [ဆီးဝမ်းသွားပြီးချိန် တိုင်းတာရန်။]
- [ရာသီစက်ဝန်းချိန်တွင် မတိုင်းတာသင့်ပါ။]
- [လေ့ကျင့်ခန်းလုပ်ခြင်း၊ ရေချိုးခြင်း၊ သို့မဟုတ် ချွေးထုတ်ခန်းသို့သွားခြင်းကဲ့သို့ သင်၏ခန္ဓာကိုယ်အပူချိန် မြင့်တက်စေသော လှုပ်ရှားမှုများ မပြုလုပ်မီ တိုင်းတာရန်။]
- [လည်ဆွဲကဲ့သို့သော သင်၏ခန္ဓာကိုယ်မှ သတ္တုအရာဝတ္ထုများကို ဖယ်ရှားပြီး တိုင်းတာပေးရန်။]
[သင့်ရဲ့ခန္ဓာကိုယ်ဖွဲ့စည်းမှုကို ဘယ်လိုတိုင်းတာမလဲ။]
[သင့်ခန္ဓာကိုယ်ဖွဲ့စည်းမှုကိုတိုင်းတာရန် အောက်ပါအဆင့်များကိုလိုက်နာပါ။]
[မှတ်ချက်။ သင်သည်ခန္ဓာကိုယ်ဖွဲ့စည်းမှုကို ပထမဆုံးအကြိမ် တိုင်းတာမည်ဆိုလျှင် အရပ်နှင့်ကျား/မကိုထည့်ရမည်။ Hów t~ó méá~súré~ ကို နှိပ်၍ မျက်နှာပြင်တွင် တိုင်းတာပုံအသေးစိတ်ကို ကြည့်နိုင်သည်။]
[ခန္ဓာကိုယ်ဖွဲ့စည်းမှုနှင့်သက်ဆိုင်သော နောက်ထပ်သတင်းအချက်အလက်များအားကြည့်ရန် bézé~l ကိုသုံးပါ (သို့) နာရီမျက်နှာပြင်ကို အပေါ်အောက်ပွတ်ဆွဲပါ။]
[တိုင်းတာမှုမှန်ကန်စေသည့်] [ကိုယ်နေဟန်ထား]
- [သင့်ရဲ့လက်နှစ်ဖက်ကို ရင်ဘတ်နဲ့တည့်တည့်ထားပါ၊ ဒါကြောင့် သင့်ရဲ့ချိုင်းကြားတွေကို ခန္ဓာကိုယ်နဲ့ ထိတွေ့ခြင်းမလုပ်ဘဲ ဖွင့်ဟထားပါ။]
- [Hómé~ နှင့် Báck~ ခလုတ်များပေါ်တွင် တင်ထားသော လက်ချောင်းနှစ်ချောင်းသည် အချင်းချင်း ထိတွေ့စရာမလိုပါ။ ခလုတ်များ မှလွဲ၍ သင်၏နာရီ၏ အခြားအစိတ်အပိုင်းများကို လက်ချောင်းများဖြင့် မထိထားရန် သတိပြုပါ။]
- [တည်ငြိမ်အောင်နေပါ။ တိကျသောတိုင်းတာမှု ရလဒ်များအတွက်လှုပ်ရှားခြင်းမပြုပါနှင့်။]
- [သင်၏လက်ချောင်းများ ခြောက်သွေ့နေသောအခါ တိုင်းတာခြင်းခက်ခဲနိုင်သည်။ ထို့ကြောင့် လက်များခြောက်သွေ့နေခြင်း မရှိစေရန် tóñé~r (သို့) lót~íóñ သုံးပြီး သင်၏ ခန္ဓာကိုယ်ဖွဲ့စည်းမှုကိုတိုင်းတာနိုင်ပါသည်။]
- [တိကျမှန်ကန်သော တိုင်းတာမှုရလဒ်များအတွက်တိုင်းတာမှုမပြုမီ နာရီ၏အနောက်ဘက်ကို သန့်ရှင်းပေးပါ]
[မှတ်ချက်။]
- [တိုင်းတာမှုများကို အထွေထွေ ကျန်းမာကြံ့ခိုင်ရေး တိုင်းတာရန် အတွက်သာရည်ရွယ် ထား သည်။ ရောဂါရှာဖွေခြင်း၊ ရောဂါစစ်ဆေးခြင်းနှင့်၊ မည်သည့်ကျန်းမာရေးအခြေအနေ (သို့) မည်သည့်ရောဂါကုသမှုကိုမဆို တိုင်းတာရန် မရည်ရွယ်ပါ။ တိုင်းတာမှုများသည် သင်၏ကိုယ်တိုင်စောင့်ကြပ်ကြည့်ရှုနိုင်ရန်သာဖြစ်သည်။ ကျေးဇူးပြု၍ ဆေးပညာဆိုင်ရာ အကြံပေးချက်များအတွက် ဆရာဝန်နှင့်တိုင်ပင်ပါ။]
- [သင့်မှာ ခန္ဓာကိုယ်အတွင်း နှလုံးခုန်နှုန်းထိန်းစက်၊ နှလုံးအကူစက်၊ သို့မဟုတ် အခြားအီလက်ထရောနစ် ဆေးဝါးပစ္စည်းများ ထည့်သွင်းထားလျှင် မတိုင်းတာပါနှင့်။]
- [ကိုယ်ဝန်ဆောင်နေစဉ် မတိုင်းတာပါနှင့်။]
- [သင့်အသက် ၂၀ အောက်ဆိုလျှင် တိုင်းတာမှုရလဒ်များ မတိကျနိုင်ပါ။]
- [ဆော့ဝဲဗားရှင်း၊ နိုင်ငံ (သို့) ဒေသအလိုက် မူတည်၍ ယခုဖော်ပြထားသောပုံများနှင့်မီနူးများကွဲပြားနိုင်သည်။]
[သငျ၏အကွံပွုခကြျအတှကျကြေးဇူးတငျပါသညျ]
[ကျေးဇူးပြု၍ မေးခွန်းအားလုံးဖြေဆိုပါ။]
[RC01_S~tátí~c Cóñ~téñt~ : Thís~ téxt~ ís óñ~lý dí~splá~ýéd ó~ñ thé~ édít~ór pá~gé]