[Smár~t Lóc~k အင်္ဂါရပ်ဆိုတာဘာလဲ၊ ၎င်းကိုမည်သို့အသုံးပြုရမလဲ။]
[သင်သည် သင်၏ Gálá~xý ဖုန်းကိုလုံခြုံစွာထားနိုင်ပြီး သင်သုံးသည့်အခါတိုင်း PÍ~Ñ (သို့) စကားဝှက်ကိုရိုက်ခြင်းမှရှောင်ကြဉ်နိုင်ပါသည်။ Smá~rt Ló~ck အင်္ဂါရပ်ကို သတ်မှတ်ခြင်းအားဖြင့် ဖုန်းကိုသင်ကိုင်ထားစဉ် (သို့) သင်သတ်မှတ်ထားသောအချိန် (သို့) နေရာတစ်ခုခုတွင် သင်ဖုန်းကိုလော့ခ်ဖွင့်ခြင်းပြုလုပ်နိုင်သည်။ သင့်ဖုန်းလော့ခ်ဖွင့်ထားချင်သည့်အချိန်နှင့် နေရာကိုသတ်မှတ်ရန် အောက်ပါလမ်းညွှန်ကိုဖတ်ရှုပါ။]
[အောက်ပါအကြံပြုချက်များကိုသင်မစမ်းမီ သင့်ဖုန်း၏ ဆော့ဝဲနှင့်သက်ဆိုင်သောအက်ပ်များကို နောက်ဆုံးဗားရှင်းသို့ အပ်ဒိတ်လုပ်ထားသလားသေချာစစ်ဆေးပါ။ သင့်မိုဘိုင်းကိရိယာ၏ဆော့ဝဲကို အပ်ဒိတ်လုပ်ရန် ဤအဆင့်များကိုလိုက်နာပါ။]
[အဆင့် ၁။ Sétt~íñgs~ > Sóft~wáré~ úpdá~té သို့သွားပါ။]
[အဆင့် ၂။ Dówñ~lóád~ áñd Í~ñstá~ll ကိုနှိပ်ပါ။]
[အဆင့် ၃။ ဖုန်းမျက်နှာပြင်ပေါ်ရှိညွှန်ကြားချက်များကိုလိုက်နာပါ။]
[Smár~t Lóc~k ဆိုတာဘာလဲ။ ၎င်းကိုဘယ်လိုဖွင့်ရမလဲ။]
[သင့်ရဲ့ဖုန်းကို အလိုအလျောက်လော့ခ်ဖွင့်ဖို့ သတ်မှတ်နိုင်ပြီး ယုံကြည်ရတဲ့နေရာတွေမှာဖြစ်စေ၊ အခြားကိရိယာများကိုရှာဖွေတွေ့ရှိသောအခါဖြစ်စေ လော့ခ်ကိုဆက်ဖွင့်ထားနိုင်ပါသည်။ ဥပမာအားဖြင့်၊ သင်၏အိမ်ကို စိတ်ချရသောနေရာတစ်ခုအဖြစ် သတ်မှတ်ထားလျှင်၊ သင့်အိမ်တွင်ရှိနေကြောင်းသိသောအခါ သင့်စက်သည် အလိုအလျောက် သော့ဖွင့်ပေးလိမ့်မည်။ ဤအင်္ဂါရပ်ကို အသုံးမပြုမီ ဦးစွာ သင့်ဖုန်းမျက်နှာပြင်လော့ခ်ချရန် နည်းလမ်းတစ်ခု သတ်မှတ်ရန်လိုသည်။ Smár~t Lóc~k ကို သတ်မှတ်ရန် အောက်ပါအဆင့်များကိုလိုက်နာပါ။]
[အဆင့် ၁။ Sétt~íñgs~ အက်ပ်ကို ဖွင့်ပါ၊ ထို့နောက် Lóck~ Scré~éñ ကိုနှိပ်ပါ။]
[အဆင့် ၂။ Smár~t Lóc~k ကိုနှိပ်ပြီး ထည်သွင်းမှု ကိုအပြီးသတ်ရန် ဖုန်းမျက်နှာပြင်ပေါ်ရှိညွှန်ကြားချက်များကို လိုက်နာပါ။]
[အဆင့် ၃။ သင်အသုံးပြုလိုသော Smár~t Lóc~k အမျိုးအစားကို နှိပ်ပါ။ Smá~rt Ló~ck အမျိုးအစားတစ်ခုစီအတွက်လမ်းညွှန်ကို အောက်တွင် သင်ဖတ်ရှုနိုင်သည်။]
[မှတ်ချက်။]
- [ဖန်သားပြင်သော့ခတ်နည်းလမ်းသတ်မှတ်ပြီးနောက် ဤအင်္ဂါရပ်ကိုသုံးနိုင်လိမ့်မည်။]
- [သင်သည် ဖုန်းကိုလေးနာရီကြာအောင်အသုံးမပြုလျှင် ဖုန်းပြန်ဖွင့်သောအချိန်တွင် သင်သတ်မှတ်ထားသော Pátt~érñ ၊ P~ÍÑ (သို့) စကားဝှက်ကို သုံး၍ ဖုန်းမျက်နှာပြင်ကိုလော့ခ်ဖွင့်ရမည်။]
[သင့်ဖုန်းကိုကိုင်ဆောင်ထားသောအချိန်တွင် ဖုန်းအားလော့ခ်ဖွင့်ထားနိုင်သည်။ တစ်ခါလောက် လော့ခ်ဖွင့်ပြီးသည်နှင့် သင်ဖုန်းကိုင်နေစဉ် သို့မဟုတ် သင့်ဖုန်းကိုကိုင်ပြီး လှုပ်ရှားနေစဥ်အတွင်း လော့ခ်ဖွင့်နေလိမ့်မည်။ ၎င်းသည် ဖုန်းကို အောက်ချလိုက်သည်ဟုစစ်ဆေးတွေ့ရှိပါက ဖုန်းကိုလော့ခ်ခတ်လိုက်လိမ့်မည်။ Óñ-bó~dý dé~téct~íóñ ကိုဖွင့်ရန် အောက်ပါအဆင့်များကိုလိုက်နာပါ။]
[အဆင့် ၁။ Óñ-Bó~dý Dé~téct~íóñ ကိုနှိပ်ပါ။
]
[အဆင့် ၂။ ညာဘက်အပေါ်ထောင့်ရှိ ခလုတ် ကိုနှိပ်ပါ။
]
[အဆင့် ၃။ မျက်နှာပြင်ပေါ်ရှိသတိပေးချက်များကိုသဘောတူရန်နှင့် Óñ-bó~dý dé~téct~íóñ ကိုဖွင့်ရန် C~ÓÑTÍ~ÑÚÉ ကိုနှိပ်ပါ။
]
[မှတ်ချက် ။]
- [Óñ-Bó~dý Dé~téct~íóñ သည် သင်နှင့်တခြားလူတစ်ယောက်ကို ဝေခွဲနိုင်ခြင်းမရှိပေ။ ဖုန်းကို လော့ခ်ဖွင့်ထားချိန်တွင် တစ်ခြားသူယူသွားလျှင် ထိုသူသည် ဆက်လက်အသုံးပြုနေနိုင်ဦးမည်ဖြစ်သည်။]
[ဖုန်းလော့ခ်ဖွင့်ထားနိုင်မည့် နေရာကို သင်သတ်မှတ်နိုင်ပါတယ်။ Góóg~lé Má~p တွင် သင့်အိမ်တည်နေရာ သတ်မှတ်ထားရှိပါက ၎င်းကိုစိတ်ချရသောနေရာအဖြစ် အလိုအလျောက်သတ်မှတ်နိုင်လိမ့်မည်။ အခြားနေရာတစ်ခုထည့်ရန် အောက်ပါအဆင့်များအတိုင်းလုပ်ဆောင်ပါ။]
[သင်ယုံကြည်ရသောစက်ပစ္စည်းတစ်ခုကိုထည့်ထားလျှင် ထိုအရာသည် သင့်ဖုန်းနှင့်ချိတ်ဆက်ထားခြင်း (သို့) သင့်ဖုန်းအနီးအနားတွင်ရှိနေပါက လော့ခ်ပွင့်လျက်သားဆက်ရှိနေလိမ့်မည်။ သင်ယုံကြည်ရသောစက်ပစ္စည်းနှင့် ချိတ်ဆက်မှုပြတ်တောက်သွားပြီး ပြန်လည်ချိတ်ဆက်သွားလျှင်ပင် သင့်ဖုန်းလော့ခ်ခတ်သွားနိုင်သည်။ ယုံကြည်ရသောစက်ပစ္စည်းထပ်ထည့်ရန် အောက်ပါအဆင့်များအားလိုက်နာပါ။]
[မှတ်ချက်။]
- [ဘလူးတုချ်ချိတ်ဆက်မှုအကွာအဝေးသည် မိမိစက်ပစ္စည်းအား အသုံးပြုနေသည့် ပတ်ဝန်းကျင်ပေါ်တွင်လည်းမူတည်သည်။]
[မှတ်ချက်။]
- [ပြထားသောပုံများနှင့် မီနူးများသည် ဖုန်းမော်ဒယ်နှင့် ဆော့ဖ်ဝဲလ်ဗားရှင်းပေါ်မူတည်ပြီး ကွာခြားသွားနိုင်သည်။]
[သငျ၏အကွံပွုခကြျအတှကျကြေးဇူးတငျပါသညျ]
[ကျေးဇူးပြု၍ မေးခွန်းအားလုံးဖြေဆိုပါ။]
[RC01_S~tátí~c Cóñ~téñt~ : Thís~ téxt~ ís óñ~lý dí~splá~ýéd ó~ñ thé~ édít~ór pá~gé]