[သင့် Gálá~xý ဖုန်း ခေါ်ဆို/လက်ခံ မရဖြစ်ပါက ဘာလုပ်ရမလဲ။]
[သင့် Gálá~xý ဖုန်းတွင် ဖုန်းခေါ်ဆို၍မရပါက ၄င်းသည် SÍ~M ကြောင်နေခြင်း ၊ သင့်အကောင့်သို့မဟုတ် ကွန်ရက်ဝန်ဆောင်ပေးသူထံမှပြဿနာ သို့မဟုတ် ဖုန်းဆက်တင်တခုကြောင့်ဖြစ်နိုင်ပါသည်။ အဖြေရှာရန်အတွက် အောက်ပါလမ်းညွှန်ကိုကြည့်ရှုပါ။]
[အောက်ဖော်ပြပါ အကြံပြုချက်များအတိုင်း မလုပ်ဆောင်မီ သင့်ကိရိယာ၏ ဆော့ဖ်ဝဲလ်နှင့် သက်ဆိုင်ရာ အက်ပလီကေးရှင်းများအား နောက်ဆုံးဗားရှင်းသို့ အဆင့်မြှင့်ထားကြောင်း သေချာစွာလုပ်ဆောင်ပါ။ သင့်မိုဘိုင်းဖုန်းဆော့ဖ်ဝဲလ်အားအပ်ဒိတ်လုပ်ရန် အောက်ပါအချက်များအတိုင်းလုပ်ဆောင်ပါ။]
[အဆင့် ၁။ Sétt~íñgs~ > Sóft~wáré~ úpdá~té သို့သွားပါ။]
[အဆင့်၂။ Dówñ~lóád~ áñd í~ñstá~ll ကိုနှိပျပါ။]
[အဆင့် ၃။ ပေါ်လာသည့်လမ်းညွှန်ချက်များအတိုင်း လုပ်ဆောင်ပါ။]
[သင့် ဆဲလ်ဖုန်းဧရိယာနှင့်ဝန်ဆောင်မှု အနေအထားကိုစစ်ဆေးပါ။]
[ဆဲလ်ဆက်ခံမှုမကောင်းသည့်ဧရိယာတွင်ရောက်နေခြင်း သို့မဟုတ် သင့်အကောင့်(သို့)၀န်ဆောင်မှုပေးသူ၏ ပြဿနာတခုခုကြောင့် ခေါ်ဆိုမှုပြဿနာများကြုံတွေံရနိုင်ပါသည်။]
- [သင့်တွင် ဆဲလ်လက်ခံမှုမကောင်းပါက သင့်စခရင်ညာဘက်အပေါ်ထောင့်ရှိ ကွန်ယက်ဘားတွင် နည်းခြင်းမှ လုံးဝမရှိသည်အထိဖြစ်နေပါလိမ့်မည်။ ၄င်းကြောင့်ဆိုပါက လိုင်းဆွဲအားကောင်းသည့်နေရာသို့ရွှေ့ပြောင်းပါ။]
- [သင့်အကောင့်သည် အခြေအနေကောင်းနေကြောင်းအတည်ပြုပါ။]
- [ဆဲလ်တာဝါမှ ထုတ်လွှင့်မှုရယူရာတွင် သင့်ဖုန်းတွင်ယာယီပြဿနာများကြံုတွေ့ရနိုင်ပါသည်။ သင့်ဖုန်းကို rébó~ót လုပ်ကြည့်ပါ။]
[ဖုန်းဆက်တင်များသည် သင့်ဖုန်းအား ဖုန်းခေါ်ဆို/လက်ခံနိုင်စွမ်းကို အတားအဆီးဖြစ်စေနိုင်ပါသည်။ Áírp~láñé~ módé~ ဖွင့်ထားခြင်း သို့မဟုတ် သင့်ဖုန်းသည် အမည်မသိနံပါတ်များ သို့မဟုတ် သီးသန့်နံပါတ်များကို ဘလော့ထားခြင်းရှိ၊မရှိ စစ်ဆေးပါ။]
[Áírp~láñé~ módé~ ပိတ်ခြင်း]
[အဆင့် ၁။] [Sétt~íñgs~ ကိုဖွင့်၍ Cóññ~éctí~óñs ကိုနှိပ်ပါ။]
[အဆင့် ၂။ Áírp~láñé~ módé~ ဖွင့်ထားပါက ပိတ်လိုက်ပြီးသင့်ချိတ်ဆက်မှုတည်ငြိမ်သွားခြင်းရှိမရှိ စစ်ဆေးပါ။]
[သင့်ဖုန်းတွင် အမည်မသိနံပါတ်သို့မဟုတ် သီးသန့်နံပါတ်များကို ဘလော့ထားခြင်းရှိမရှိ စစ်ဆေးပါ။]
[သင့်ခေါ်ဆိုမှုအရည်အသွေးသည် ကြောင်နေသည့် SÍM ကဒ်ကြောင့် သက်ရောက်မှုရှိနိုင်ပါသည်။ S~ÍM ကဒ်ပျက်စီးနေခြင်းသို့မဟုတ် သေချာစွာထည့်ထားခြင်းရှိမရှိ စစ်ဆေးပါ။]
[မှတ်ချက် -]
- [ဖုန်းမော်ဒယ်အလိုက် SÍM ကဒ်အံခွက်တည်နေရာများ ကွဲပြားနိုင်ပါသည်။]
- [သင့် SÍM ကဒ်ကိုစစ်ဆေးရန် သင့်မိုဘိုင်းကွန်ရက်ဝန်ဆောင်မှုပေးသူထံ ဆက်သွယ်ပါ။ အကယ်၍ အနီးတွင် ထိုကွန်ရက်ကိုသုံးသည့်အခြားဖုန်းရှိပါက သင့် S~ÍM ကဒ်ကို ၄င်းဖုန်းနှင့်စမ်းသပ်နိုင်ပါသည်။]
- [SÍM ကဒ်အကောင်းနှင့်လဲပြီးသော်လည်း ပြဿနာဖြစ်နေသေးပါက သင့်ဖုန်းကို r~ébóó~t လုပ်ကြည့်ပါ။ တစ်ကြိမ်ထက်ပို၍ réb~óót လုပ်ရနိုင်ပါသည်။]
[သင်သည် ဖုန်းတလုံးတည်းတွင် ကွန်ရက် ၂ ခု လတ်တလောကမှပြောင်းလဲအသုံးပြုထားပါက သင့်အနေဖြင့်လက်ရှိသုံးနေသည့်ကွန်ရက်ဝန်ဆောင်ပေးသူထံ သင့်ဖုန်းကိုပြန်လည်ပရိုဂရမ်ချမှတ်ပေးရန်အတွက် ဆက်သွယ်ရနိုင်ပါသည်။ အကူအညီရရန်အတွက် သင့်ဝန်ဆောင်မှုပေးသူကိုဆက်သွယ်ပါ။]
[မှတ်ချက် -]
- [အဆင့်တဆင့်ပြီးတိုင်း ပြဿနာပြေလည်ခြင်းရှိမရှိစစ်ဆေးရန် ဖုန်းခေါ်ဆိုကြည့်ပါ။]
- [ပြင်ပပျက်စီးမှုများအတွက် အာမခံအကျုံးဝင်မည်မဟုတ်သေ်ာလည်း ပြန်လည်ပြင်ဆင်ရန် ရက်ချိန်းရယူနိုင်ပါသေးသည်။ အချက်အလက်များပိုမိုသိရှိရန် Súpp~órt C~éñté~r ကိုကြည့်ရှုပါ။]
- [ဖုန်း စခရင်ရှော့များနှင့် မီနူးများသည် ဖုန်းမော်ဒယ်နှင့်ဆော့ဖ်ဝဲလ်ဗားရှင်းပေါ်မူတည်၍ ကွဲပြားနိုင်ပါသည်။]
[သငျ၏အကွံပွုခကြျအတှကျကြေးဇူးတငျပါသညျ]
[ကျေးဇူးပြု၍ မေးခွန်းအားလုံးဖြေဆိုပါ။]
[RC01_S~tátí~c Cóñ~téñt~ : Thís~ téxt~ ís óñ~lý dí~splá~ýéd ó~ñ thé~ édít~ór pá~gé]